အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည့် ကိုမင်းသွေးသစ်နှင့် ကိုအေးအောင်တို့ကို ထောင်ဒဏ်များ ချမှတ်

အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည့် ကိုမင်းသွေးသစ်နှင့် ကိုအေးအောင်တို့ကို ထောင်ဒဏ်များ ချမှတ်
ဒီဇင်ဘာ 30, 2021 | အခြားဒေသများ

 အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည့်  ဗကသများအဖွဲ့ချုပ်အမှုဆောင်ဟောင်း ကိုမင်းသွေးသစ်နှင့် ၉၆ မျိုးဆက်ကျောင်းသား နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုအေးအောင်တို့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ်အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့၏ တရားရုံးက ဗကသများအဖွဲ့ချုပ်အမှုဆောင်ဟောင်း ကိုမင်းသွေးသစ်ကို ထောင်ဒဏ် (၁)နှစ်၊ ၉၆ မျိုးဆက်ကျောင်းသား နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုအေးအောင်ကို ထောင်ဒဏ် (၃)နှစ်အသီးသီးချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က ဗကသများအဖွဲ့ချုပ်အမှုဆောင်ဟောင်း ကိုမင်းသွေးသစ်ကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားခြင်းဖြစ်ပြီး  ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ (၉၅) ဖြင့် ထောင်ဒဏ်(၁)နှစ် အမိန့်ချမှတ်ခြင်းဖြစ်သည်ဟု သိရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုအေးအောင်ကို အာဏာသိမ်းအဖွဲ့က မတ်လ (၃) ရက်နေ့တွင် ဖမ်းဆီးထားခြင်းဖြစ်သည်။