ထိုင်းစစ်တပ်က ပြည်သူများလုံခြုံရေးအတွက် ဗုံးခိုကျင်းများ ကူညီတူးပေး

Photo: Tiger News TV
Photo: Tiger News TV
ထိုင်းစစ်တပ်က ပြည်သူများလုံခြုံရေးအတွက် ဗုံးခိုကျင်းများ ကူညီတူးပေး
ဒီဇင်ဘာ 28, 2021 | နိုင်ငံတကာသတင်း

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်ဘက်တွင် အာဏာသိမ်းစစ်တပ်က KNU နယ်မြေကို တိုက်ခိုက်မှုများကြောင့်   ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေသည့်အပြင် ပြည်သူများ လုံခြုံရေးအတွက် ဗုံးခိုကျင်းများကို ကူညီတူးပေးနေကြသည်ကို တွေ့ရသည်။

မြန်မာစစ်တပ်က စစ်ဘေးရှောင်ပြည်သူများရှိသည့်နေရာများအထိ လေကြောင်းမှ ဗုံးကြဲ  ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ နယ်စပ်မြစ်ကိုဖြတ်ကူး၍ ထွက်ပြေးလာကြသည့် စစ်ရှောင်များကိုလည်း ထိုင်းနိုင်ငံက လက်ခံကူညီပေးထားသည်။

 

မြန်မာစစ်တပ်ဘက်က ပစ်လိုက်သည့် လက်နက်ကြီးကျည် (၁၀)လုံးကျော်မှာ ထိုင်းနိုင်ငံ တက်ခ်ခရိုင်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာမှ နေအိမ်တစ်လုံးကိုပါ ထိမှန်သွားခဲ့ခြင်းဖြစ်သည်။