ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ် နှင့် KNDF တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်၊ အာဏာသိမ်းစစ်တပ်ဘက်က (၂)ဦးသေ

ဒေါပိုးစီရွာတွင်းမှ နေအိမ်တစ်အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခံရပုံ [ Photo: KNDF - B-09  ]

နိုဝင်ဘာ 23, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်အတွင်း ဒေါပိုးစီဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အာဏာသိမ်းအကြမ်းဖက် စစ်တပ် နှင့် KNDF - B-09 တို့ ယနေ့ နိုဝင်ဘာလ(၂၃)ရက်နေ့ နနက်အစောပိုင်းက ပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရာ အာဏာသိမ်းစစ်တပ်ဘက်က (၂)ဦး သေဆုံးပြီး (၅)ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း KNDF - B-09 က ထုတ်ပြန်ထားသည်။

ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုများအထိ ပြုလုပ်ပြီး  နံနက်(၈)နာရီခွဲဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်က ဒေါပိုးစီရွာတွင်းမှ နေအိမ်တစ်အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်မှ အကြမ်းဖက်မှုများ လုပ်ဆောင်နေလျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် သွားလာမှုမျာ မပြုလုပ်ကြရန် KNDF - B-09 က အသိပေးမေတ္တာရပ်ခံထားရှိသည်။