NCA (၆) နှစ်ပြည့်အခမ်းအနားကို တစ်ဦးတက်ခြင်းမှာ ဗဟိုကော်မတီ၏ သဘောထားမဟုတ်ကြောင်း ABSDF ထုတ်ပြန်

NCA (၆) နှစ်ပြည့်အခမ်းအနားကို တစ်ဦးတက်ခြင်းမှာ ဗဟိုကော်မတီ၏ သဘောထားမဟုတ်ကြောင်း ABSDF ထုတ်ပြန်

 

အာဏာသိမ်းအဖွဲ့က နေပြည်တော်တွင် ကျင်းပသည့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၆)နှစ်ပြည့် အခမ်းအနားသို့ ABSDF မှ တစ်ဦး တက်ရောက်ခဲ့ခြင်းမှာ ဗဟိုကော်မတီ၏ သဘောထားမဟုတ်ကြောင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်တွင် အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျင်းပသည့် NCA (၆) နှစ်ပြည့်အခမ်းအနားသို့  စာချုပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး (၁၀) ဖွဲ့အနက် ABSDF အပါအဝင် (၈) ဖွဲ့တက်ရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ယနေ့ ထုတ်ပြန်ချက် ထုတ်လာခြင်းဖြစ်သည်။

အဆိုပါပွဲသို့ တက်ခဲ့ခြင်းမှာ ဗဟိုကော်မတီ၏ သဘောထားမဟုတ်ဘဲ ပါဝင်ဆောင်ရွက်ခဲ့သူများ၏ တာဝန်ယူ တာဝန်ခံမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်၍ အခမ်းအနား တက်ရောက်သူအနေဖြင့် ပြောကြားချက်များမှာ ပုဂ္ဂိုလ်ရေးပြောကြားချက်များသာဖြစ်သည်ဟု သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့ကျင်းပသည့် အခမ်းအနားသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS))၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကေင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည် နယ် လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် ဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့  တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ တက်ရောက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။