အာဏာသိမ်းစစ်တပ် တပ်ဆုတ်ထွက်ပြေးသွားသည့် MNDAA ရှေ့တန်းနေရာတွင် စစ်တပ်၏ အလောင်း (၁၈)လောင်းနှင့် လက်နက်ခဲယမ်းများ တွေ့ရှိ

Photo: The Kokang
Photo: The Kokang
အာဏာသိမ်းစစ်တပ် တပ်ဆုတ်ထွက်ပြေးသွားသည့် MNDAA ရှေ့တန်းနေရာတွင် စစ်တပ်၏ အလောင်း (၁၈)လောင်းနှင့် လက်နက်ခဲယမ်းများ တွေ့ရှိ
အောက်တိုဘာ 20, 2021 | ရှမ်းမြောက်

 အာဏာသိမ်းစစ်တပ် တပ်ဆုတ်ထွက်ပြေးသွားသည့် MNDAA၏ ရှေ့တန်းနေရာကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့ ညနေပိုင်းတွင် နယ်မြေရှင်းလင်းရာ အာဏာသိမ်းစစ်တပ်၏ အလောင်း (၁၈) လောင်းနှင့် လက်နက်ခဲယမ်းအချို့ကို MNDAA က သိမ်းဆည်းရမိသည်ဟု သိရသည်။

စစ်ဆင်ရေးရပ်ဆိုင်းမည်ဟု ကြေညာထားသည့် အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAAတပ်တို့သည် ဖောင်းဆိုင်ဒေသ၊ မုံးကိုး၊ ပန်ဆိုင်းဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်  ခမရ (၅၄၅) တပ်ရင်းမှူး အောင်ကိုမြင့်၏ လုံခြုံရေး စနိုက်ပါသမားတစ်ဦးလည်း အောက်တိုဘာလ (၁၈) ရက်နေ့က MNDAA ဘက်သို့ ခိုလှုံသွားသည်ဟု သိရသည်။