လက်ရုံးတပ်မှ စစ်အင်ဂျင်နီယာကျောင်းဆင်း ဗိုလ်ကြီးတစ်ဦး ပြည်သူကို အားနာ၍ CDM ပြုလုပ်

လက်ရုံးတပ်မှ စစ်အင်ဂျင်နီယာကျောင်းဆင်း ဗိုလ်ကြီးတစ်ဦး ပြည်သူကို အားနာ၍ CDM ပြုလုပ်
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီ၏ လက်ရုံးတပ်တစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်အင်ဂျင်နီယာကျောင်းဆင်း ဗိုလ်ကြီးတစ်ဦး ပြည်သူနှင့်အတူရပ်တည်လာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့ ၂၀၂၂ ခုနှစ် မတ်လ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်သူလူထုကို အားနာမိလို့ CDM ပြုလုပ်ဖို့ မနှစ်ကတည်းက အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ပြည်သူတွေအပေါ်နဲ့ တပ်မတော်သားတွေအပေါ်ရော တကယ်ကို တရားမျှတမှု မရှိပါဘူး။ ဒါကြောင့် တော်လှန်ရေးမှာ ပါဝင်ဖို့ စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့ပါပြီ။ ပြည်သူအားလုံးပါဝင်နေလို့ ဒီတော်လှန်ရေးဟာ မုချအောင်မြင်မယ်ဆိုတာ သိပါတယ်။ ရှေ့ဆက်ပြီး ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့အတူ တတ်စွမ်းသမျှ တော်လှန်ရေးမှာ ပါဝင်သွားပါ့မယ်။

ဟု ၎င်းဗိုလ်ကြီးက ပြောသည်။

အဆိုပါ ဗိုလ်ကြီးသည် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်၍ မတ်လ(၃)ရက်က CDM ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိတွင် လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။