တောင်ကြီးမြို့တွင် ဆောက်လက်စ အဆောက်အဦး ပြိုကျမှုကြောင့် ပိမိသည့် (၂)ဦးအနက် (၁)ဦး သေဆုံး

 Photo: MFSD
Photo: MFSD
တောင်ကြီးမြို့တွင် ဆောက်လက်စ အဆောက်အဦး ပြိုကျမှုကြောင့် ပိမိသည့် (၂)ဦးအနက် (၁)ဦး သေဆုံး
အောက်တိုဘာ 14, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဆောက်လက်စ တစ်ထပ်တိုက်အား ပြုပြင်နေစဉ် ပြိုကျရာမှ လုပ်သား(၂)ဦး ပိမိပြီး တစ်ဦးမှာ သေဆုံးသွားကြောင်း သိရသည်။

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ နယ်မြေ(၆)၊ ဇောတိကလမ်းရှိ ဆောက်လက်စ RC(၁)ထပ်တိုက်အား ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့တွင် ပြုပြင်နေစဉ် နေ့လည်(၁)နာရီကျော်အချိန်က အမိုးပြိုကျမှု ဖြစ်ပွားရာမှ လုပ်သား (၂)ဦး ပိမိနေခြင်း ဖြစ်ကြောင်းသိသည်။

ယင်းသို့ ဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ကယ်ဆယ်ရေးများ လုပ်ဆောင်ရာ အမျိုးသားတစ်ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာရရှိထားသလို ကျန်အမျိုးသားတစ်ဦးမှာလည်း သေဆုံးသွားကြောင်း သိရသည်။