ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်း ရက်ပေါင်း (၈၂)ရက်အတွင်း (၃၀၂၇)ဦးတွင် ပိုးတွေ့ပြီး ရောဂါအခံရှိသူ (၆၀)ဦး  သေဆုံး

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်း ရက်ပေါင်း (၈၂)ရက်အတွင်း (၃၀၂၇)ဦးတွင် ပိုးတွေ့ပြီး ရောဂါအခံရှိသူ (၆၀)ဦး  သေဆုံး
စက်တင်ဘာ 18, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်း ရက်ပေါင်း (၈၂)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း(၃၀၂၇)ရှိနေပြီး သေဆုံးသူမှာလည်း (၆၀)ဦးအထိရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ယနေ့ စက်တင်ဘာလ(၁၈)ရက်နေ့၏ တစ်နေ့တာအတွင်း (၂၀၈)ဦးကို စစ်ဆေးရာ (၃၃)ဦးတွင် Covid-19 ပိုးတွေ့ရှိရပြီး ရောဂါအခံရှိ၍ (၂)ဦးမှာ ထပ်တိုးသေဆုံးသွားကြောင်း သိရသည်။

ယနေ့ ပိုးတွေ့ရသည့် (၃၃)ဦးမှ ရပ်ကွက်(၁)မှ (၄)ဦး၊ ရပ်ကွက်(၂)မှ (၆)ဦး၊ ရပ်ကွက်(၃)မှ (၅)ဦး၊ ရပ်ကွက်(၄) မှ (၁)ဦး၊ ရပ်ကွက်(၅)မှ (၂)ဦး နှင့် စစ်ဆေးရုံမှ (၂)ဦး အပြင် ကျေးရွာအုပ်စု (၃)စုမှ (၁၃)ဦးတို့တွင် Covid-19 ပိုးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းဖြစ်သည့် ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ စက်တင်ဘာလ(၁၈)ရက်နေ့အထိ  ရက်ပေါင်း (၈၂)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ(၃၀၂၇)ဦးရှိပြီး ရောဂါအခံရှိ၍ သေဆုံးသူမှာ (၆၀)ဦးရှိကာ ဆေးရုံနှင့် သီးသန့်စောင့်ကြည့် စင်တာတို့မှ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာလည်း (၂၃၇၇)ဦးရှိ၍ လက်ရှိတွင် (၅၉၀)ဦး ကျန်ရှိနေကြောင်း သိရသည်။