ATM စက်တွင် ငွေလာထုတ်ရင်း စိတ်ကြွဆေးပြားများ မေ့ကျန်ခဲ့သူကို ပစ္စည်းများလာယူရန် ရဲတပ်ဖွဲ့ကြေညာထား

ATM စက်တွင် ငွေလာထုတ်ရင်း စိတ်ကြွဆေးပြားများ မေ့ကျန်ခဲ့သူကို ပစ္စည်းများလာယူရန် ရဲတပ်ဖွဲ့ကြေညာထား
စက်တင်ဘာ 16, 2021 | နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် ATM စက်တွင် ငွေလာထုတ်သည့် လူငယ်တစ်ဦးက ငွေထုတ်ပြီးနောက် စက်ပေါ်တွင် အပြာရောင်အထုပ်တစ်ထုပ်ကျန်ခဲ့သည်ကို တွေ့ရသဖြင့် မေ့ကျန်ပစ္စည်းပြန်လာယူရန် တုန်ဖဖွန်ရဲစခန်းက ကြေညာထားသည်။

အဆိုပါ လူငယ်သည် ATM စက်တွင် ငွေထုတ်ပြီးနောက် စက်ပေါ်တွင် အပြာရောင်အိတ်တစ်အိတ် ကျန်ခဲ့သည်ကို CCTV မှတ်တမ်းတွင် တွေ့ရပြီး ကျန်ခဲ့သည့်အိတ်ထဲတွင် စိတ်ကြွဆေးပြား အပြားရေ (၄၀)ကျော်ကို တွေ့ရသည်ဟု သိရသည်။

ရဲတပ်ဖွဲ့က အဆိုပါ ပစ္စည်းမေ့ကျန်လူငယ်၏ CCTV မှတ်တမ်းဓါတ်ပုံကို ဖေါ်ပြပြီး “ပစ္စည်းမေ့ကျန်ခဲ့သည်ကိုတွေ့ရပါသဖြင့် ပြန်လာယူပါရန်”ဟုရေးသား၍ ကြေညာထားသည်ကို တွေ့ရသည်။

 

 

Source: Kanchanaburi News