တာချီလိတ်ခရိုင်ရဲရုံးရှေ့ ပြည်သူပိုင်လမ်းအား ညပိုင်းတွင် ပိတ်ထားချိန် ရှောင်ကွင်းသွားလာမှုများပြားသည့် မယ်ခေါင်ရပ်ကွက်အတွင်း ရှောင်ကွင်းလမ်းမှာ ပျက်စီးယိုယွင်းနေ၍ ပြုပြင်ပေးရန် လိုအပ်နေ

တာချီလိတ်ခရိုင်ရဲရုံးရှေ့ ပြည်သူပိုင်လမ်းအား ညပိုင်းတွင် ပိတ်ထားချိန် ရှောင်ကွင်းသွားလာမှုများပြားသည့် မယ်ခေါင်ရပ်ကွက်အတွင်း ရှောင်ကွင်းလမ်းမှာ ပျက်စီးယိုယွင်းနေ၍ ပြုပြင်ပေးရန် လိုအပ်နေ
စက်တင်ဘာ 14, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် ညပိုင်း ခရိုင်ရဲတပ်ဖွဲ့တပ်မှူးရုံးတစ်ခု ဘေးကင်းလုံခြုံရေးအတွက် ပြည်သူပိုင်လမ်းကို  လပေါင်းများစွာ ပိတ်ထားခြင်းကြောင့် ရှောင်ကွင်းသွားရသည့် မယ်ခေါင်ရပ်ကွက်အတွင်းရှိလမ်းမှာ ယိုယွင်းနေ၍ ဆိုင်ကယ်နှင့်ကားများ သွားလာရာတွင် အထိနာပြီး ခက်ခဲနေသည့်အတွက်အဆိုပါ လမ်းအား သက်ဆိုင်ရာမှ ပြုပြင်ပေးရန် လိုအပ်နေကြောင်း သိရသည်။

ဒီလမ်းက ခရိုင်ရဲရုံးကို ညပိုင်း ပိတ်ထားချိန် ရှောင်ကွင်းသွားလာရတဲ့ လမ်းပါ။ သွားလာတာများတော့ လမ်းလည်း ပျက်နေတယ်။ ချိုင့်ခွက်ဖြစ်နေတယ်။ ညပိုင်းဆို ဟိုဖက်က ပိတ်ထားတော့ ဒီလမ်းကနေ သွားသူများတယ်။ ချိုင့်ခွက်တွေအကြား ရှောင်ရတာလည်း မလွယ်ဘူး ကား/ဆိုင်ကယ်တွေ အထိနာလို့ ပြင်ပေးစေချင်တယ်

ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁၃)ရက်နေ့က ပြောသည်။

အဓိက ပျက်နေသည့်လမ်းများမှာ ကမ္ဘောဇဘဏ်ခွဲ (၂)ကနေ မယ်ခေါင်ရပ်ကွက်အတွင်း ရှောင်ကွင်းလမ်းကြားများအထိ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား မကြာခဏ ပစ်ခတ်ဖောက်ခွဲခံရ၍ ရုံးလုံခြုံရေးအတွက် ပြည်သူပိုင်လမ်းကို ညပိုင်းများတွင် ည(၆)နာရီကစ၍ ပိတ်ထားနေရာမှ စက်တင်ဘာလ(၁၁)ရက်နေ့က စ၍ ည(၈)နာရီအထိ တိုးမြှင့်ဖွင့်ပေးပြီး ည(၈)နာရီကျော်ပါက နံနက်ထိ ပိတ်ထားလေ့ရှိကြောင်း သိရသည်။