မိုင်းတုံမြို့တွင် PDF များ ရဲစခန်းကို လာတိုက်ပါက အဆင်သင့်ဖြစ်ရန် လက်နက်များ ထုတ်ပေးထား

မိုင်းတုံမြို့တွင် PDF များ ရဲစခန်းကို လာတိုက်ပါက အဆင်သင့်ဖြစ်ရန် လက်နက်များ ထုတ်ပေးထား
စက်တင်ဘာ 12, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် PDF များ လာရောက် တိုက်ခိုက်ပါက အဆင်သင့်ဖြစ်ရန်အတွက်ဟု ဆိုကာ ရဲတပ်ဖွဲ့ဝင်များကို သေနတ်များ ထုတ်ပေးထားကြောင်း ဒေသခံများထံက သိရသည်။

ရဲစခန်းကို PDF တွေ လာတိုက်ရင် ပြန်ခုခံဖို့ အတွက်ဆိုပြီး သေနတ်တွေ ထုတ်ပေးထားတယ်လို့ သိရတယ်။ အဆင်သင့်ဖြစ်အောင်ဆိုပြီး သေနတ်တွေထုတ်ပေးထားတဲ့သဘော။ ခါတိုင်းကတော့ လှည့်ကင်းတို့ အဖမ်းအဆီးတို့ လူကြီးခရီးစဉ်တို့ဆိုရင်တော့ ထုတ်ပေးတာပေါ့၊။ ခုက အသင့်အနေအထားမျိုးဖြစ်အောင်လို့ ထုတ်ပေးထားတာလို့ ပြောတယ်

ဟု မိုင်းတုံဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁၂)ရက်နေ့တွင် ပြောသည်။

နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၌ ပြည်သူ့လုံခြုံရေးထက် ရဲစခန်းနှင့်စစ်တပ်လုံခြုံရေးကို အဓိကထား၍ လုပ်ဆောင်လာနေပြီး ညပိုင်းများတွင် လမ်းများပိတ်ခြင်း၊ လမ်းကြားများတွင် စစ်ဆေးခြင်းများ လုပ်ဆောင်နေလျက်ရှိသည်။