ကယား(ကရင်နီ)ပြည်နယ်တွင်း တိုက်ပွဲများစိပ်လာနိုင်ကြောင်း KSCC က ပြည်သူများကို အသိပေး

ကယား(ကရင်နီ)ပြည်နယ်တွင်း တိုက်ပွဲများစိပ်လာနိုင်ကြောင်း KSCC က ပြည်သူများကို အသိပေး
စက်တင်ဘာ 9, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်တွင်း တိုက်ပွဲများစိပ်လာနိုင်သဖြင့် မိမိတို့လုံခြုံရေးအတွက် ပြင်ဆင်ထားကြရန်နှင့် မိမိဝန်းကျင်မှ သတင်းပေးဒလန်များကို သတိထားကြရန် KSCC က ပြည်သူများကို အသိပေးချက်အား ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ထုတ်ပြန်လာသည်။

ကယား(ကရင်နီ)ပြည်နယ်တွင် မေလ (၂၃) ရက်ကတည်းက အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကို ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် KA၊ KNDF နှင့် PDFs များပူးပေါင်းခုခံသည့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး စက်တင်ဘာလ (၇) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူများ၏ခုခံကာကွယ်စစ် စတင်နေပြီဟု ကြေညာထားရာ တိုက်ပွဲများစိပ်လာနိုင်သည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

ပြည်သူလူထုအနေဖြင့် မိမိလုံခြုံရေးအပြင် COVID 19 ကိုလည်း သတိထားကြရန် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က အသိပေးထားသည်။