တာချီလိတ်မြို့ ပါလျှံမီးပွိုင့် လမ်းဆုံတွင် အာဏာသိမ်းစစ်တပ်က လက်နက်အပြည့်အစုံဖြင့် အများပြည်သူ၏ ကား/ဆိုင်ကယ်များကို စစ်ဆေးနေ

တာချီလိတ်မြို့ ပါလျှံမီးပွိုင့် လမ်းဆုံတွင် အာဏာသိမ်းစစ်တပ်က လက်နက်အပြည့်အစုံဖြင့် အများပြည်သူ၏ ကား/ဆိုင်ကယ်များကို စစ်ဆေးနေ
စက်တင်ဘာ 7, 2021 | ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ ပါလျှံမီးပွိုင့်လမ်းဆုံတွင် အာဏာသိမ်းစစ်တပ်က လက်နက်အပြည့်အစုံဖြင့် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့ နေ့လည်ပိုင်းက စ၍ စစ်ဆေးနေကြောင်း သိရသည်။

စစ်သားတွေ အများကြီးပဲ။ ဆိုင်ကယ်တွေ ကားတွေ အကုန်စစ်နေတယ်၊ ဆိုင်ကယ်ဖင်ထိုင်ခုံကို ဖွင့်ကြည့်တာတွေ ကား နောက်ဖုံးတွေ စစ်တာတွေ လုပ်တယ်။ BT ဆီပန့်လမ်း လမ်းကြားမှာ ရပ်ထားတဲ့ ဖော်ကျူးနား မီးခိုးရောင်ကားတစ်စီးလည်းရှိတယ် ကားနောက်ခန်းထဲမှာ စစ်သားတွေ ပုန်းပြီးတော့လည်း ကြည့်နေတာ။ တခုခု ဆိုရင် ချက်ချင်းလိုက်နိုင်အောင်လို့ထင်တယ်။ ကားနောက်ဖုံးကနေ ချောင်းကြည့်နေတာ

ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က  တစ်နိုင်ငံလုံး စစ်အာဏာရှင်တော်လှန်တိုက်ခိုက်ရေးအဖြစ် ယနေ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် စတင်ကြောင်းကြေညာလိုက်ပြီးနောက် တာချီလိတ်မြို့တွင်လည်း ယခုလို စစ်ဆေးနေခြင်းဖြစ်သည်။