ပြည်သူလူထု၏ ခုခံတော်လှန်စစ်စတင်နေပြီဖြစ်ကြောင်း NUG ကြေညာပြီးနောက် လားရှိုးဘက်သို့ အာဏာသိမ်းတပ် စစ်ကား (၁၇)စီးတက်လာ

ပြည်သူလူထု၏ ခုခံတော်လှန်စစ်စတင်နေပြီဖြစ်ကြောင်း NUG ကြေညာပြီးနောက် လားရှိုးဘက်သို့ အာဏာသိမ်းတပ် စစ်ကား (၁၇)စီးတက်လာ
စက်တင်ဘာ 7, 2021 | ရှမ်းမြောက်

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်သူလူထု၏ ခုခံတော်လှန်စစ် စတင်နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် ကြေညာလိုက်ပြီးနောက် အာဏာသိမ်းတပ်ဘက်မှ စစ်ကား (၁၇) စီး မန္တလေး-နောင်ချို-ကျောက်မဲ လမ်းကြောင်းမှတစ်ဆင့် လားရှိုးဘက်သို့ တက်လာရာ နံနက်(၁၁) နာရီဝန်းကျင်တွင် နောင်ချို - ကျောက်မဲကြား ဂုတ်တွင်းလမ်းပိုင်းမှ ဖြတ်သွားကြောင်း သိရသည်။