KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ပိုင်ကလာဒုံအနီးသို့ အာဏာသိမ်းစစ်တပ်က နယ်မြေကျူးကျော်လာ၍ တိုက်ပွဲဖြစ်နေ

KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ပိုင်ကလာဒုံအနီးသို့ အာဏာသိမ်းစစ်တပ်က နယ်မြေကျူးကျော်လာ၍ တိုက်ပွဲဖြစ်နေ
စက်တင်ဘာ 1, 2021 | နိုင်ငံရေး

KNU ထိန်းချုပ်နယ်မြေများအတွင်း အင်အားနှင့် စစ်ဆင်ရေးတိုးမြှင့်နေသည့် အာဏာသိမ်းစစ်တပ်က KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကြာအင်းဆိပ်ကြီးမြို့နယ် ပိုင်ကလာဒုံကျေးရွာသို့ နယ်မြေကျူးကျော်ရောက်လာသဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ နံနက် (၇)နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါတပ်ဖွဲ့သည် ယမန်နေ့ည (၆) နာရီခွဲဝန်းကျင်က  ကျိုက်ဒုံမြို့နယ်အတွင်းရှိ ကြိတ်ရွာ (ကျိုက်ရွာ)မှ ထွက်ခွာသွားခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ပိုင်ကလာဒုံအနီးရောက်ရှိနေသဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA)နှင့် ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ကရင်နယ်ခြားစောင့်တပ် BGF အကူအညီဖြင့် KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်နေသဖြင့် KNU ဖာပွန်ခရိုင်အတွင်း ဩဂုတ်လတစ်လတာအတွင်း တိုက်ပွဲပေါင်း အကြိမ်ရေ (၁၃၀) ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ဆက်စပ်သတင်း