ထိုင်းနိုင်ငံတွင် တစ်နေ့တာအတွင်း COVID- 19 ကူးစက်ခံရသူ စံချိန်တင်အမြင့်ဆုံးအဖြစ် (၂၀,၂၀၀) ဦး ထပ်တိုး

ထိုင်းနိုင်ငံတွင် တစ်နေ့တာအတွင်း COVID- 19 ကူးစက်ခံရသူ စံချိန်တင်အမြင့်ဆုံးအဖြစ် (၂၀,၂၀၀) ဦး ထပ်တိုး

မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံတွင် တစ်နေ့တာအတွင်း COVID 19 အတည်ပြုလူနာ စံချိန်တင်အမြင့်ဆုံးအဖြစ် (၂၀၂၀၀) ဦး ထပ်တိုး



မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တစ်နေ့တာအတွင်း COVID 19 အတည်ပြုလူနာ (၂၀,၂၀၀) ထပ်တိုးပြီး သေဆုံးသူ (၁၈၈) ဦးဖြင့် စံချိန်တင်အမြင့်ဆုံးဖြစ်သွားကြောင်း ၂၀၂၁ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။



ယနေ့ထုတ်ပြန်သည့် တစ်နေ့တာအတွင်း ထပ်တိုးအတည်ပြုလူနာများအနက် (၁၈၇) ဦးမှာ အကျဉ်းထောင်များမှဖြစ်ကြောင်း သိရသည်။



ယမန်နေ့တစ်နေ့တာအတွင်း အတည်ပြုလူနာများမှ ဆေးရုံဆင်းခွင့်ရသူ (၁၇,၉၇၅) ဦးရှိသည်ဟု သိရသည်။



ထိုင်းနိုင်ငံအတွင်း တတိယလှိုင်းစတင်သည့် ၂၀၂၁ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစ၍ ယနေ့အထိ စုစုပေါင်း အတည်ပြုလူနာ (၆၄၃,၅၂၂) ဦးကို တွေ့ထားပြီး ယင်းတို့အနက် (၄၂၈,၃၈၀) ဦးမှာ ပြန်လည်သက်သာလာပြီဖြစ်သည်။



ထိုင်းနိုင်ငံအတွင်း COVID 19 စတင်ကူးစက်ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ် အစောပိုင်းမှစ၍ ယနေ့အချိန်ထိ အတည်ပြုလူနာ စုစုပေါင်း (၆၇၂,၃၈၅) ဦးတွေ့ရသည့်အနက် (၄၅၅,၈၀၆)ဦးမှာ ပြန်လည်သက်သာလာကြောင်း သိရသည်။



အတည်ပြုလူနာသေဆုံးနှုန်းမှာ တတိယလှိုင်းတွင် (၅,၄၀၉) ဦးဖြင့် အမြင့်ဆုံးဖြစ်နေပြီး ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း စုစုပေါင်းအတည်ပြုလူနာ သေဆုံးမှုမှာ (၅,၅၀၃)ဦးသာရှိခဲ့သည်။



Source: Bangkok Post