ညောင်ရွှေမြို့မှ လိုလျှင်ယူ ပိုလျှင်လှူ အစီအစဉ်အတွက် မေလ (၁၆) ရက်မှစ၍ ပါဝင်လှူဒါန်းနိုင်

ညောင်ရွှေမြို့မှ လိုလျှင်ယူ ပိုလျှင်လှူ အစီအစဉ်အတွက် မေလ (၁၆) ရက်မှစ၍ ပါဝင်လှူဒါန်းနိုင်

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့တွင် အချင်းချင်းမျှဝေကြမည့် လိုလျှင်ယူ ပိုလျှင်လှူအစီအစဉ်တွင် ပါဝင်ကူညီလိုသူများအနေဖြင့် ၂၀၂၁ ခုနှစ် မေလ (၁၆) ရက်နေ့မှ (၂၁) ရက်နေ့အထိ ဗောဓိညောင်ပင်ဘေးဆွမ်းစားဆောင်ရှိ အလှူခံဌာနတွင် လာရောက်လှူဒါန်းနိုင်ကြပြီဖြစ်ကြောင်း သိရသည်။



ကုန်စိမ်းများ မျှဝေလိုသူများ အနေဖြင့် မေလ (၂၀) ရက်နေ့တွင် လာရောက်လှူဒါန်းနိုင်ပြီး ဆန်၊ ဆီ၊ ဆားစသည့် ကုန်ခြောက်များနှင့် အလှူငွေလှူဒါန်းလိုသူများ အနေဖြင့် မေလ (၁၆) ရက်နေ့မှစ၍ လာရောက်လှူဒါန်းပေးပို့နိုင်ကြပြီဖြစ်ကြောင်း သိရသည်။



ရပ်ဝေးမှ လှူဒါန်းလိုသူများရှိပါက K pay - 09458041717 သို့ ထည့်ဝင်လှူဒါန်းနိုင်သည်ဟု သိရသည်။ 



ညောင်ရွှေမြို့တွင် လိုလျှင်ယူ ပိုလျှင်လှူအစီအစဉ်ကို (၂) ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး ယခု တတိယအကြိမ်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။