ဂျလန်းကျွန်းဆရာတော် Covid-19 ဖြင့် ပျံလွန်တော်မူ

ဂျလန်းကျွန်းဆရာတော် Covid-19 ဖြင့် ပျံလွန်တော်မူ
ဇူလိုင် 22, 2021 | Covid-19

မြန်မာနိုင်ငံ တောင်ဘက်အစွန်းဒေသ၊ ဆလုံသာသနာပြု နယ်လှည့်ဓမ္မကထိက သာသနဓဇဓမ္မာစရိယ သဒ္ဓမ္မဇောတိကဓဇ ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိသည် Covid-19 ကူးစက်ခံရပြီးနောက် ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က သာစည်ဆေးရုံတွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။

ဂျလန်းကျွန်းဆရာတော်သည်  ဇူလိုင်လ (၅)ရက်နေ့တွင် စတင်ဖျားနာလာပြီး Covid-19 ကူးစက်ခံရသည်ကို သိရှိရ၍ ကူးသမှုခံယူနေရာမှ ပျံလွန်တော်မူသွားခြင်း ဖြစ်ပြီး ပျံလွန်တော်မူချိန်တွင်  သက်တော်(၄၅)နှစ်ရှိနေပြီဖြစ်သည်။

ဆရာတော်သည် ဓမ္မာစရိယဘွဲ့ရရှိပြီးနောက် ၂၀၀၇ခုနှစ်က စ၍ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဂျလန်းကျွန်းဆလုံရွာသို့ ခက်ခက်ခဲခဲ သွားရောက်တော်မူကာ သီတင်းသုံးပြီး ဆလုံလူမျိုးစုတို့အား ဗုဒ္ဓဘာသာဝင်ဖြစ်လာရန် သာသနာပြုခဲ့သည်။ 

ဂျလန်းကျွန်းဆရာတော်သည် ဂျလန်းကျွန်းတွင် ခက်ခက်ခဲခဲ သာသနာပြုခဲ့ရသည့် ဖြစ်ရပ်မှန်အကြောင်းကိုလည်း "ဆလုံရွာမှာ ဘုရားသာသနာ ရောက်ပြီ"အမည်ဖြစ် စာအုပ်ရေးသား ထုတ်ဝေထားသည်။

#TachileikNewsAgency

Photo: CJ