PPST ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ  ဗိုလ်ချုပ်ကြီးယွက်စစ် အနားယူ

 PPST ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ  အနားယူလိုက်သည့် ဗိုလ်ချုပ်ကြီးယွက်စစ် [ Photo - NCA-S EAO ]]
PPST ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ အနားယူလိုက်သည့် ဗိုလ်ချုပ်ကြီးယွက်စစ် [ Photo - NCA-S EAO ]]
 PPST ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ  ဗိုလ်ချုပ်ကြီးယွက်စစ် အနားယူ
ဇူလိုင် 7, 2021 | နိုင်ငံရေး

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်  နှစ်နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးယွက်စစ်က တာဝန်မှအနားယူလိုကြောင်းပန်ကြားချက်ကို အဖွဲ့က လက်ခံလိုက်ပြီး နိုင်အောင်မင်းကို ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်သည်။

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၁၇/၂၀၂၁) ထုတ်ပြန်ကြေညာချက်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး PPST ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် နိုင်အောင်မင်း၊ အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ဗိုလ်မှူးကြီးစိုင်းငင်းတို့ကို တာဝန်ပေးထားသည်ကို တွေ့ရသည်။

PPST ၏ နှစ်ရက်ကြာအစည်းအဝေးက လက်ရှိနိုင်ငံရေးအခြေအနေအား NCA အနှစ်သာရကို အခြေခံ၍ ဆက်လက်ကြိုးပမ်းရန် သဘောတူခဲ့ကြသည်ဟု သိရသည်။