စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် ဗန်းမော်မြို့က သပိတ်စစ်ကြောင်း

စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် ဗန်းမော်မြို့က သပိတ်စစ်ကြောင်း

 နိုင်ငံတော်အာဏာသိမ်းခံထားရသည့် (၂၃) ရက်မြောက်နေ့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် ကချင်ပြည်နယ် ဗန်းမော်မြို့၌ စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းသည့်နည်းဖြင့် ဆန့်ကျင်နေသည့် ပြည်သူလူထုနှင့်အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) လုပ်ဆောင်နေသည့် ပြည်သူ့ဝန်ထမ်းများက သပိတ်စစ်ကြောင်းများဖြင့် ချီတက်ဆန္ဒထုတ်ဖေါ်ကြသည်။



သပိတ်စစ်ကြောင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးစာသားများအပြင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများအား ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူများ၏ပုံများကိုလည်း ကိုင်ဆောင်ချီတက်ကြသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူများ၊ ပြည်သူ့ဝန်ထမ်းများက ငြိမ်းချမ်းသည့်နည်းဖြင့် ဆန္ဒထုတ်ဖေါ်နေကြသော်လည်း ပစ်ခတ်နှိမ်နှင်းမှုကြောင့် သေဆုံးရသူများလည်းရှိနေခြင်းဖြစ်သည်။