လားရှိုးမှ မူဆယ်ဘက်သို့အထွက် (၉)မိုင်လမ်းခွဲကို မြေကြီးများဖြင့် လမ်းပိတ်ထား

လားရှိုးမှ မူဆယ်ဘက်သို့အထွက် (၉)မိုင်လမ်းခွဲ မြို့ရှောင်လမ်းထိပ် လမ်းမကြီးပေါ် ပိတ်ထားစဉ် [ Photo: Nang Mo Kham Aww ]
လားရှိုးမှ မူဆယ်ဘက်သို့အထွက် (၉)မိုင်လမ်းခွဲ မြို့ရှောင်လမ်းထိပ် လမ်းမကြီးပေါ် ပိတ်ထားစဉ် [ Photo: Nang Mo Kham Aww ]
လားရှိုးမှ မူဆယ်ဘက်သို့အထွက် (၉)မိုင်လမ်းခွဲကို မြေကြီးများဖြင့် လမ်းပိတ်ထား
ဇွန် 17, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး၏ လားရှိုး - မူဆယ်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားမည့် သတင်းကြောင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာမှု မရှိစေရန် လားရှိုးမှ မူဆယ်ဘက်သို့အထွက် (၉)မိုင်လမ်းခွဲ မြို့ရှောင်လမ်းထိပ် လမ်းမကြီးပေါ်၌ ဇွန်လ (၁၇)ရက် နံနက်ပိုင်းက မြေသားအပုံချ၍ လမ်းပိတ်ထားသည်ဟု သိရသည်။



ဇွန်လ (၁၆)ရက် ညနေ(၃)နာရီခန့်ကစ၍ အဆိုပါ လမ်းပိုင်းရှိ ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာ ကျေးရွာအကြား နမ့်ကွတ်ကျေးရွာအနီး လမ်းမကြီးပေါ်၌ မော်တော်ယာဉ်(၃)စီးကို ကားတာယာ/ ကားဘီးများဖေါက်၍ လမ်းပိတ်ထားသည်ဟုသိရပြီး လားရှိုးဘက်မှ ခရီးသွားနှင့်ယာဉ်များ ဝင်လာခြင်းမရှိစေရန် လားရှိုးမြို့ အထွက်တွင် မြေသားများပုံ၍ ထပ်ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။



ပြည်ထောင်စုလမ်းမကြီး၏ လားရှိုး - မူဆယ် လမ်းပိုင်းတစ်လျှောက်ရှိ မြို့ရွာများတွင်လည်း ယနေ့ ဇွန်လ (၁၇)ရက် နံနက်ပိုင်းကစ၍ သာမာန်အချိန်များထက်သိသာစွာ လူသွားလူလာနည်းပါးလျှက်ရှိနေပြီး နေ့စဉ်ဈေးရောင်းထွက်သည့် ဆိုင်ကယ်ဈေးသည်များပါ ဖြတ်သန်းသွားလာခြင်းမရှိသည်အထိ အသွားအလာနည်းပါးနေသည်ဟု သိရသည်။



ဒေသအတွင်း ပြင်းထန်သည့် တိုက်ပွဲများဖြစ်လာနိုင်ခြေရှိကြောင်း ဒေသခံများက ခန့်မှန်းထားသည်။