လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်နှင့် ခရိုင်ရဲရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်နှင့် ခရိုင်ရဲရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား
ဇွန် 10, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဘူတာလမ်းမကြီးနံဘေး လားရှိုးတက္ကသိုလ်နှင့် ခရိုင်ရဲရုံးအနီးတွင် ယနေ့ ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းက အသံဗုံးဟု ယူဆရသည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူနှင့်အခြားထိခိုက်မှု မရှိကြောင်း သိရသည်။

"ကွဲတဲ့အသံတော့ကြားလိုက်တာပဲ ပြီးတော့ ရဲတွေ စစ်သားတွေ ခဏရောက်လာပြီး အဲ့နေရာမှာ စစ်ဆေးပြီးတော့ ပြီးသွားတာပဲ၊ ထိခိုက်တာမတွေ့ဘူး၊ တက္ကသိုလ်ကလဲအရင်လို ကျောင်းသားအများကြီးသွားလာနေတာ မဟုတ်တော့ အဲ့နားလူသွားလူလာမများဘူး" ဟု ပါရမီလမ်း(အခင်းဖြစ်နေရာအနီး)တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဘူတာလမ်းနံဘေးရှိ အပင်တစ်ပင်အောက်တွင် ပေါက်ကွဲမှုအသေးစား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားရာနှင့် အနီးဆုံးတွင် လားရှိုးတက္ကသိုလ်၊ အဆောင်များ နှင့် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှုးရုံးတို့တည်ရှိသည်။



Photo: CJ