ကျောက်မဲမြို့တွင် CDM မလုပ်သည့် ပညာရေးဝန်ထမ်းများကို အာဏာသိမ်းအဖွဲ့ကခေါ်ပြီး ကျောင်းသန့်ရှင်းရေး လုပ်ခိုင်းနေ

ကျောက်မဲမြို့တွင် CDM မလုပ်သည့် ပညာရေးဝန်ထမ်းများကို အာဏာသိမ်းအဖွဲ့ကခေါ်ပြီး ကျောင်းသန့်ရှင်းရေး လုပ်ခိုင်းနေ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၌ ၂၀၂၁ ခုနှစ် မေလ (၁၉) ရက်နေ့တွင် အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်းကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက CDM မလုပ်သည့် ကျောင်းဆရာ၊ ဆရာမများကိုခေါ်၍ သန့်ရှင်းရေး လာရောက်လုပ်ဆောင်ကြသည်ဟု သိရသည်။

အလားတူ ကျောက်မဲမြို့မှ အခြေခံပညာစာသင်ကျောင်းများကို မေလ ဒုတိယပတ်မှစ၍   CDM မလုပ်သည့် ဆရာ၊ ဆရာမများကို အာဏာသိမ်းအဖွဲ့ကခေါ်ပြီး ကျောင်းသန့်ရှင်းရေး လိုက်လုပ်နေသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ဆောင်နေကြရာ လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန် အခက်တွေ့နေသည့် အာဏာသိမ်းအဖွဲ့က CDM ဝန်ထမ်းများအား လိုက်လံဖမ်းဆီးခြင်း၊ အမှုဖွင့်ခြင်းများ လုပ်ဆောင်နေသည့်နည်းတူ လုပ်ငန်းများ လည်ပတ်နိုင်ရေးကိုလည်း လုပ်ဆောင်လာနေခြင်းဖြစ်သည်။



Photo: CJ