ကွတ်ခိုင်မြို့ နှင့် သိန်းနီမြို့အကြားတွင် ဆီဘောင်ဆာ မီးလောင်နေပြီး အာဏာသိမ်းစစ်တပ်နှင့် KIA တို့ ပစ်ခတ်မှုလည်း ဖြစ်ပွားနေ

ကွတ်ခိုင်မြို့ နှင့် သိန်းနီမြို့အကြားတွင် ဆီဘောင်ဆာ မီးလောင်နေပြီး အာဏာသိမ်းစစ်တပ်နှင့် KIA တို့ ပစ်ခတ်မှုလည်း ဖြစ်ပွားနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နှင့် သိန်းနီမြို့ကြား နမ့်ပါချီးကျေးရွာအနီးတွင် လောင်စာဆီတင်ယာဉ်တစ်စီး ၂၀၂၁ ခုနှစ် မေလ (၁၇) ရက်နေ့က ပစ်ခတ်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ကြား မေလ (၁၈) ရက်နေ့အထိ ပစ်ခတ်မှုဖြစ်ပွားနေကြောင်း သိရသည်။

ဟုတ်တယ် အဲဒီကားပဲ။ မနေ့တည်းကလောင်နေတာ ခုထိလောင်နေတာ။ အဲဒီနေရာ နမ့်ပါချီးရွာနားမှာပဲ KIA နဲ့ စကစ အခုမနက် (၈)ဝန်းကျင်မှာ ထပ်ဖြစ်နေတာမလို့ ပြည်ထောင်စုလမ်းမကြီးပေါ်ဖြတ်မယ့်ယာဥ်တွေ သတိထားစေချင်တယ်

ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



ဆီတင်ယာဉ်မှာ မီးလောင်နေဆဲဖြစ်၍ ကွတ်ခိုင်မှ မီးသတ်ယာဉ်တစ်စီး သွားရောက်ငြှိမ်းသတ်ပေးနေကြောင်း သိရသည်။



အဆိုပါ ဆီတင်ယာဉ်မှာ တရုတ်နယ်စပ်မှတစ်ဆင့် တင်သွင်းလာသည့်ဆီများ သယ်လာခြင်းဖြစ်ကြောင်း သိရသည်။



Photo: CJ