တာချီလိတ်မြို့ပေါ်တွင် သစ်သီးရောင်းသည့်ကားကို တိုက်သွားသည့် အဖွဲ့က ကားမှန်များကို ရိုက်ခွဲပြီး ဓါးထောက်ကာ အသက်အန္တရာယ် ခြိမ်းခြောက်

တာချီလိတ်မြို့ပေါ်တွင် သစ်သီးရောင်းသည့်ကားကို တိုက်သွားသည့် အဖွဲ့က ကားမှန်များကို ရိုက်ခွဲပြီး ဓါးထောက်ကာ အသက်အန္တရာယ် ခြိမ်းခြောက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ် မေလ (၁၆) ရက်နေ့ နံနက်(၉)နာရီအချိန်က သစ်သီးရောင်း မော်တော်ယာဉ်တစ်စီးကို ဝင်တိုက်မိပြီး ထွက်ပြေးသွားသည့် မော်တော်ယာဉ်အား ခံရသူဘက်က  နောက်မှလိုက်ဖမ်းစဉ် တိုက်မိထွက်ပြေးယာဉ်ပေါ်မှ အမျိုးသားအဖွဲ့က သစ်သီးရောင်းမော်တော်ယာဉ်ကို ထပ်မံရိုက်ခွဲကာ လူကိုပါအသက်အန္တရာယ်ခြိမ်းခြောက်သွားကြောင်း သိရသည်။

အဆွေတော်မီနီမတ်ဘေးလမ်း၊ မဟာမြတ်မုနိဘုရားကျောင်းဝင်ပေါက်ရှေ့ ဈေးအနီးတွင် မော်တော်ယာဉ်ဖြင့် သစ်သီးရောင်းနေစဉ် မော်တော်ယာဉ်တစ်စီးက အနောက်မှ ဝင်တိုက်မိကာ မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

သစ်သီးရောင်းသူက မောင်းနှင်ထွက်ပြေးယာဉ်နောက်သို့ လိုက်ရာ မေဖလားဝါးကွင်း သစ္စာကဖေးအနီးအရောက်တွင် လိုက်၍ မီသွားစဉ် ထွက်ပြေးယာဉ်ပေါ်မှ အမျိုးသား (၄) ဦး ဆင်းလာကာ နောက်မှလိုက်လာသည့် သစ်သီးရောင်းယာဉ်ကို မှန်များ ထပ်မံရိုက်ခွဲကြပြီး သစ်သီးယာဉ်ပေါ်မှ အမျိုးသားကို  လည်ပင်းအား ဓါးဖြင့်ထောက်ထားကို တွေ့ရကြောင်း ဖြစ်စဉ်ကို မြင်တွေ့ရသူများက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောလာသည်။

ယင်းသို့ ဖြစ်ပွားသည်ကို အနီးနားရှိ လူများအားလုံးက မြင်တွေ့ကြသော်လည်း ပါဝင်ကူညီမှုမရှိကြောင်း မရှိကြောင်း သိရသည်။



တာချီလိတ်မြို့တွင် နေ့စဉ် ဆိုင်ကယ်ခိုးမှုများ ဖြစ်ပွားနေသလို လူ့အသက်ကို အန္တရာယ်ပြုသည့် လုယက်မှုများ မတ်လကစ၍ မေလအထိ ဖြစ်ပွားမှု များပြားနေသည်။