လားရႈိးၿမိဳ႕ရွိ နမ့္က်န္ေရေလွာင္တစ္မံအတြင္း ေရနစ္ေသဆံုးသြားသည့္ အမ်ဳိးသားအား တစ္ရက္အၾကာတြင္ ေတြ႔ရွိ

လားရႈိးၿမိဳ႕ရွိ နမ့္က်န္ေရေလွာင္တစ္မံအတြင္း ေရနစ္ေသဆံုးသြားသည့္ အမ်ဳိးသားအား တစ္ရက္အၾကာတြင္ ေတြ႔ရွိ
မေ 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕ရွိ နမ့္က်န္ေရေလွာင္တမံတြင္  အမ်ဳိးသားတစ္ဦး ေမလ(၂၃)ရက္ေန႔ ေန႔လည္က ေရနစ္ေပ်ာက္ဆံုးသြားရာမွ တစ္ရက္အၾကာတြင္ ေရေလွာင္တမံ၏ အလယ္၌ အေလာင္းအား ရွာေဖြ ေတြ႔ရွိရေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ေမလ(၂၃)ရက္ေန႔ ေန႔လည္(၁၁)နာရီခြဲ၀န္းက်င္အခ်ိန္က  လားရိႈးၿမိဳ႕ နမ့္က်န္ေက်းရြာ(နမ့္စန္ေက်းရြာ)အနီးရွိ နမ့္က်န္ ေရေလွာင္တမံတြင္ အမ်ဳိးသား(၅)ဦး ပါ၀င္သည့္ အဖြဲ႔သည္ လာေရာက္ အနားယူေန ၾကစဥ္ ၎တို႔ အဖြဲ႔ထဲမွ အသက္(၃၉)ႏွစ္အရြယ္ရွိ အမ်ဳိးသားတစ္ဦးမွ ေရနစ္ေပ်ာက္ဆံုးသြားျခင္းျဖစ္ၿပီး  ကယ္ဆယ္ေရး အဖြဲ႔တို႔က ညေနပိုင္းအထိ ရွာေဖြရာ မေတြ႔ရွိ၍ ယေန႔ ေမလ(၂၄)ရက္ေန႔တြင္ ဆက္လက္ရွာေဖြရာမွ ေန႔လည္(၁၂း၅၀)နာရီ၀န္းက်င္က ရွာေဖြေတြ႔ရွိျခင္းျဖစ္ေၾကာင္း သိရသည္။

" (၂၄)ရက္ေန႔ ေန႔လည္ (၁၂)နာရီ (၅၀) ေလာက္မွာ တမံရဲ့အလယ္ပိုင္းေလာက္မွာ ရွာေတြ႔ခဲ့တာပါ၊ အေလာင္းကိုေတာ့ မီးသတ္တပ္ဖြဲ႔နဲ႔ လားရိႈးလူငယ္မ်ားလူမႈကူညီေရးအဖြဲ႔က ဆယ္ယူေပးခဲ့တာျဖစ္ပါတယ္" ဟု နမ့္က်န္ ေရေလွာင္တမံ တာဝန္ရွိသူတစ္ဦးျဖစ္သည့္ ဦးေအာင္မင္းစိုး က တာခ်ီလိတ္သတင္းေအဂ်င္စီ သုိ႔ ေျပာသည္။

ေရနစ္ေသဆံုးသူသည္ လားရႈိးၿမိဳ႕ ရပ္ကြက္(၁)တြင္ ေနထိုင္သူ အသက္(၃၉)ႏွစ္ရွိ ေဇာ္မင္းလတ္ ဆိုသူျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕နယ္အတြင္းရွိ ေရလႊဲဆည္မ်ား၊ ေရေလွာင္တမံမ်ားအတြင္း ေရကူးျခင္း၊ ငါးမ်ွားျခင္း ႏွင့္ အရက္ေသစာ မူးယစ္ေဆးဝါးသံုးစြဲ၍ လာေရာက္ေရကစားျခင္းတို႔ကို ဆည္ေျမာင္းတာဝန္ရွိသူမ်ားက ဗီြႏိုင္းပိုစတာမ်ား စိုက္ထူကာ သတိေပးတားျမစ္ထားေသာ္လည္း အဆိုပါ ေနရာမ်ားတြင္ တားျမစ္ခ်က္မ်ားကို လိုက္နာျခင္းမရွိ၍ ႏွစ္စဥ္ေရနစ္ေသဆံုးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

Tachileik Newe Agency
သတင္း - ေနၿဖဳိးျမင့္




~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ နမ့်ကျန်ရေလှောင်တမံတွင် အမျိုးသားတစ်ဦး မေလ(၂၃)ရက်နေ့ နေ့လည်က ရေနစ်ပျောက်ဆုံးသွားရာမှ တစ်ရက်အကြာတွင် ရေလှောင်တမံ၏ အလယ်၌ အလောင်းအား ရှာဖွေ တွေ့ရှိရကြောင်း သိရသည်။

၂၀၁၉ခုနှစ် မေလ(၂၃)ရက်နေ့ နေ့လည်(၁၁)နာရီခွဲဝန်းကျင်အချိန်က လားရှိုးမြို့ နမ့်ကျန်ကျေးရွာ(နမ့်စန်ကျေးရွာ)အနီးရှိ နမ့်ကျန် ရေလှောင်တမံတွင် အမျိုးသား(၅)ဦး ပါဝင်သည့် အဖွဲ့သည် လာရောက် အနားယူနေ ကြစဉ်၎င်းတို့ အဖွဲ့ထဲမှ အသက်(၃၉)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှ ရေနစ်ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ကယ်ဆယ်ရေး အဖွဲ့တို့က ညနေပိုင်းအထိ ရှာဖွေရာ မတွေ့ရှိ၍ ယနေ့ မေလ(၂၄)ရက်နေ့တွင် ဆက်လက်ရှာဖွေရာမှ နေ့လည်(၁၂း၅၀)နာရီဝန်းကျင်က ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

" (၂၄)ရက်နေ့ နေ့လည် (၁၂)နာရီ (၅၀) လောက်မှာ တမံရဲ့အလယ်ပိုင်းလောက်မှာ ရှာတွေ့ခဲ့တာပါ၊ အလောင်းကိုတော့ မီးသတ်တပ်ဖွဲ့နဲ့ လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့က ဆယ်ယူပေးခဲ့တာဖြစ်ပါတယ်" ဟု နမ့်ကျန် ရေလှောင်တမံ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်မင်းစိုး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ရေနစ်သေဆုံးသူသည် လားရှိုးမြို့ ရပ်ကွက်(၁)တွင် နေထိုင်သူ အသက်(၃၉)နှစ်ရှိ ဇော်မင်းလတ် ဆိုသူဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်းရှိ ရေလွှဲဆည်များ၊ ရေလှောင်တမံများအတွင်း ရေကူးခြင်း၊ ငါးမျှားခြင်း နှင့် အရက်သေစာ မူးယစ်ဆေးဝါးသုံးစွဲ၍ လာရောက်ရေကစားခြင်းတို့ကို ဆည်မြောင်းတာဝန်ရှိသူများက ဗွီနိုင်းပိုစတာများ စိုက်ထူကာ သတိပေးတားမြစ်ထားသော်လည်း အဆိုပါ နေရာများတွင် တားမြစ်ချက်များကို လိုက်နာခြင်းမရှိ၍ နှစ်စဉ်ရေနစ်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

Tachileik Newe Agency
သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net