ရှမ်းပြည်နယ်အတွင်း CDM လုပ်ဆောင်ထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း (၁၄၅) ဦးကို အာဏာသိမ်းစစ်ကောင်စီက အလုပ်ထုတ်

ရှမ်းပြည်နယ်အတွင်း CDM လုပ်ဆောင်ထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း (၁၄၅) ဦးကို အာဏာသိမ်းစစ်ကောင်စီက အလုပ်ထုတ်

  ရှမ်းပြည်နယ်အတွင်း  ခရိုင်/မြို့နယ်အသီးသီးမှ CDM လုပ်ဆောင်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်း စုစုပေါင်း (၁၄၅) ဦးကို အာဏာသိမ်းစစ်ကောင်စီက ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ ဌာနများမှ အမှုထမ်း (၃၂)ဦးကို မေလ (၁၃)ရက်နေ့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ အမှုထမ်း (၄၁) ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ အမှုထမ်း (၇၂)ဦးတို့အား  မေလ (၁၂) ရက်နေ့တွင် လည်းကောင်း ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူ့အစိုးရအား ဖမ်းဆီးကာ နိုင်ငံ့အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူ့ဝန်ထမ်းများက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ဆောင်နေကြပြီး တစ်နိုင်ငံလုံးမှ လူထုကလည်း နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေကြခြင်းဖြစ်သည်။