ကျိုင်းတုံမြို့ အဝင်အထွက် ဂိတ်တွင် လိုင်စင်မဲ့ ကား စစ်ဆေးနေ

ပုံအညွန်း - ယနေ့ နောင်နွန်းဂိတ်တွင် စစ်နေစဉ်
ပုံအညွန်း - ယနေ့ နောင်နွန်းဂိတ်တွင် စစ်နေစဉ်
ကျိုင်းတုံမြို့ အဝင်အထွက် ဂိတ်တွင် လိုင်စင်မဲ့ ကား စစ်ဆေးနေ
မေ 12, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း  ကျိုင်းတုံမြို့မှ တာချီလိတ်အထွက်ဖြစ်သည့်  ကျိုင်းတုံမြို့ နောင်နွန်းဂိတ်တွင် လိုင်စင်မဲ့ကား အသွားအလာကို ယနေ့ ၂၀၂၁ခုနှစ် မေလ(၁၂)ရက်နေ့ နံနက်ပိုင်းက စ၍ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေသည်။

နေ့လည်ပိုင်း ထမင်းစားချိန်တွင် စစ်ဆေးမှု ခေတ္တနားသည်ကိုတွေ့ရပြီး ညနေပိုင်းတွင် ပြန်လည် စစ်ဆေးမှု ဆောင်ရွက်ခြင်း ရှိမရှိကိုတော့ မသိရနိုင်သေးသော်လည်း ယနေ့တွင် ပုံမှန်ထက် ယာဉ်အသွားအလာနေသွားသည်ဟု သိရသည်။

 

#TachileikNewsAgency