ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင်း ရပ်ရွာကာကွယ်ရေးအတွက် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၂၀၂၁ ခုနှစ် မေလ (၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းကို အကြောင်းပြ၍ နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများအား  အကြမ်းဖက်နှိမ်နှင်းခြင်းကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လာ၍ ပြည်သူများက မိမိတို့ရပ်ရွာကာကွယ်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်များကို ဖွဲ့စည်းကာကွယ်ရန် ကြိုးစားလာကြသည်ကို တွေ့ရသည်။

 #TachileikNewsAgency