ကယားပြည်နယ် လွိုင်ကော်မြို့တွင် လမ်းလုပ်သား နှစ်ဦး အရက်အတူသောက်ရင်း စကားများရာမှ လူသတ်မှု ဖြစ်ပွား

ကယားပြည်နယ် လွိုင်ကော်မြို့တွင် လမ်းလုပ်သား နှစ်ဦး အရက်အတူသောက်ရင်း စကားများရာမှ လူသတ်မှု ဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာအနီး လမ်းလုပ်ငန်း လုပ်ကိုင်နေသူ အလုပ်သမား နှစ်ဦးသည် ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့ ည(၁၀)နာရီကျော်အချိန်က အရက်အတူ သောက်နေစဥ် စကားများရန်ဖြစ်ရာမှ လူသတ်မှုအထိ  ဖြစ်ပွားကြောင်း သိရသည်။ 

လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာအနီးတွင် သာစည်မြို့နယ်မှ လာရောက်၍ လမ်းလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသား နှစ်ဦးမှာ အရက်အတူ သောက်နေစဥ် အချင်းချင်း စကားများရန်ဖြစ်ရာမှ အနီးရှိ ပုဆိန်(ရဲဒင်း)ဖြင့် ဦးခေါင်းအားထုလိုက်သောကြောင့် နောက်စေ့ပွင့်ကာ တစ်ဦးသေဆုံးသွားခဲ့ကြောင်းသိရသည်။ 

သာစည်မြို့နယ်မှ အတူလာရောက်၍ လမ်းလုပ်ငန်းလုပ်ကိုင်နေသော အသက်(၃၀)နှစ်အရွယ်ရှိ ကိုစိုးပိုင် နှင့် အသက်( ၂၄)နှစ်အရွယ်ရှိ ကိုသက်ပိုင်ဦးတို့ နှစ်ဦးမှာ ၎င်းတို့နေထိုင်သည့် အလုပ်သမား တန်းလျားတွင် အရက်အတူသောက်နေစဥ် စကားများ ရန်ဖြစ်ကြရာ ကိုသက်ပိုင်ဦး မှာ အနီးရှိ ပုဆိန်ဖြင့် ကိုစိုးပိုင်၏ ဦးခေါင်းအား ထုလိုက်ရာ နောက်စေ့ပွင့်ကာ ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။ 

သေဆုံးသူ ကိုစိုးပိုင်မှာ ကိုသက်ပိုင်ဦး အား အရက်အတူသောက်စဥ်စကားများ၍ ဦးစွာ လက်သီးဖြင့် အရင်ထိုးခဲ့ပြီး ဆဲဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် ၎င်းတို့ အတူအရက်သောက်နေသည့် တဲအနီးရှိ ရဲဒင်းအားယူ၍ ခုတ်လိုက်ခြင်းဖြစ်ကြောင်း ကိုသက်ပိုင်ဦး မှ ကိုယ်တိုင် ဝန်ခံ၍ သက်ဆိုင်ရာ ရဲဝန်ထမ်းများထံ အဖမ်းခံခဲ့ကြောင်းကို  သေဆုံးသူ၏ ရုပ်အလောင်းအား သွားရောက်ကူညီ သယ်ဆောင်ပေးခဲ့သည့် ရွှေလွိုင်ကော်ပရဟိတအသင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။



#TachileikNewsAgency

ဓါတ်ပုံ - ရွှေလွိုင်ကော်ပရဟိတအသင်း