မိုင်းယောင်းတွင် မူးယစ်ဆေးသယ်လာသည့် အမျိုးသမီးနှစ်ဦး လွတ်မြောက်သွားပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျခဲ့သည့် အိတ်မှ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

မိုင်းယောင်းတွင် မူးယစ်ဆေးသယ်လာသည့် အမျိုးသမီးနှစ်ဦး လွတ်မြောက်သွားပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျခဲ့သည့် အိတ်မှ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ
နိုဝင်ဘာ 29, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ဝမ်ဟွန်နှင့် ဝမ်ဖြတ်ကျေးရွာချင်းဆက်လမ်းတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်က စိတ်ကြွဆေးပြား (၆၀,၀၀၀)ပြားပါသည့် အထုပ်ကို ဖမ်းမိလိုက်သော်လည်း   မူးယစ်ဆေးသယ်ဆောင်သည့် အမျိုးသမီးနှစ်ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲတပ်ဖွဲ့ဝင်များ ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် မိုင်းယောင်းမြို့နယ်၊ ဝမ်ဟွန် ကျေးရွာနှင့် ဝမ်ဖြတ်ကျေးရွာချင်းဆက်လမ်းပေါ်၌ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးနှစ်ဦးကို စစ်ဆေးရန် တားဆီးစဉ် မောင်းနှင် ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့ဝင်များက လိုက်ဆွဲရာ ဆိုင်ကယ်ပေါ်မှ ဆာလာအိတ် တစ်အိတ်ကိုသာ ဆွဲမိပြီး ဆိုင်ကယ်နှင့်အမျိုးသမီးနှစ်ဦးမှာ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆိုင်ကယ်မှ ပြုတ်ကျကျန်ခဲ့သည့် အိတ်အား စစ်ဆေးရာ စိတ်ကြွဆေးပြားပေါင်း (၆၀,၀၀၀) ပြားကို စစ်ဆေးတွေ့ရှိရသဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် အမျိုးသမီးနှစ်ဦးကို မိုင်းယောင်းမြို့မရဲစခန်းတွင်  ၁၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး နှစ်ဦး ဆိုင်ကယ်ဖြင့် မောင်းလာသည့် ကျေးရွာချင်းဆက်လမ်းမှာ ကျဉ်းမြောင်းပြီး လမ်းကြမ်းသည့် နေရာတစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Tachileik News Agency


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~