ကျောက်မဲမြို့တွင် အမျိုးသားတစ်ဦးကို စားသောက်ဆိုင်အတွင်း ဝင်ဖမ်းသွား

ကျောက်မဲမြို့တွင် အမျိုးသားတစ်ဦးကို စားသောက်ဆိုင်အတွင်း ဝင်ဖမ်းသွား
ဧပြီ 7, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ အကြမ်းဖက် ရဲနှင့်စစ်တပ်က အမျိုးသားတစ်ဦးကို ဆန္ဒပြရာတွင် ပါဝင်သည်ဟု ဆိုကာ စားသောက်ဆိုင်အတွင်း ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဧပြီလ(၆)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ Cafe Zillion ဆိုင်တွင် ထိုင်နေသည့် ကိုကြည်ဇင်ဦးအား လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် အမှတ်(၂)ရပ်ကွက်၊ ရန်ကင်းရပ်ရှိ သစ်တောလမ်းအတွင်း ရိုးမ သံနှင့်ကုန်မာဆိုင်တွင်လည်း ဆန္ဒပြသူများအသုံးပြကြသည့် ဒိုင်းကာများကို ဝင်ရောက် သိမ်းဆည်းသွားကြောင်းလည်း သိရသည်။