ကျောက်မဲမြို့က "လိုတာယူ ပိုတာလှူ"အစီအစဉ်မှာ ပါဝင်လှူဒါန်းနိုင်

ကျောက်မဲမြို့က "လိုတာယူ ပိုတာလှူ"အစီအစဉ်မှာ ပါဝင်လှူဒါန်းနိုင်
ဧပြီ 6, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်ဥ၊ အာလူးနှင့် ဂေါ်ဖီထုတ်များဖြင့် "လိုတာယူ ပိုတာလှူ"အစီအစဉ်အဖြစ် ယနေ့ ဧပြီလ(၆)ရက်နေ့တွင် စေတနာရှင်များက စုပေါင်းပြီး မျှဝေလှူဒါန်းပေးကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ယခုလို ပြုလုပ်သည်မှာ ဒုတိယနေ့ဖြစ်ပြီး နောက်နေ့များတွင် တတ်နိုင်သည့်ဘက်က ပါဝင်လှူဒါန်းလိုပါက သမ္မရက္ခိတအသင်း ဦးကျော်သိန်း ဖုန်း 09 - 5275 465 ၊ ရိုးမ ကားဂိတ်မှူး ဦးကိုနိုင် ဖုန်း 09 - 2562 37060 နှင့် ကိုစိုင်းသစ်လွင် ဖုန်း 09 - 4037 35770 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

ယခုလို ကာလအတွင်း အဆင်မပြေသူများရှိသည်အတွက် လိုအပ်သူများက လာရောက် ယူဆောင်နိုင်သလို၊ ပိုသည့်သူများကလည်း လာရောက်လှူဒါန်းနိုင်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။