ယီမင်တွင် ဆန္ဒပြသူများက သမ္မတအိမ်တော်ကို ဝင်ရောက်စီးနင်း

ယီမင်တွင် ဆန္ဒပြသူများက သမ္မတအိမ်တော်ကို ဝင်ရောက်စီးနင်း

ယီမင်နိုင်ငံတွင် ဆန္ဒပြသူများက ၂၀၂၁ ခုနှစ် မတ်လ (၁၆) ရက်နေ့၌ အေဒင်မြို့တောင်ပိုင်းရှိ သမ္မတအိမ်တောင်ကို ဝင်ရောက်စီးနင်းလိုက်ကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကို ကိုးကား၍ AA သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။



နိုင်ငံတွင်း ငွေကြေးမတရားဖောင်းပွခြင်း၊ ဆင်းရဲနွမ်းပါးလာခြင်းစသည့် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှု လစ်ဟင်းလာခြင်းများကြောင့် လူထုအုံကြွမှုဖြစ်ပွားခဲ့ပြီး သမ္မတအိမ်တော်ကို ဝင်စီးခဲ့ခြင်းဖြစ်ပြီး သမ္မတအိမ်တော်အစောင့်အရှောက်များကလည်း အခြေအနေကို ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။



အိမ်တော်အတွင်း အစိုးရအဖွဲ့များ ရှိ/မရှိကိုမူ အတည်မပြုနိုင်ကြောင်း သိရသည်။



ယီမင်နိုင်ငံသည် ၂၀၁၄ ခုနှစ်ကတည်းက နိုင်ငံတွင်း ပတိပက္ခနှင့် မတည်ငြိမ်မှုများဖြစ်ပွားနေခြင်းဖြစ်ပြီး ဟွန်သီသူပုန်များက မြို့တော်အပါအဝင် နိုင်ငံတွင်း ဒေသအနှံ့အပြားကို ထိန်းချုပ်ထားခြင်းဖြစ်သည်။

 

Source: aljazeera, AA