နမ့်စန်မြို့နေ ပြည်သူများ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး မီးပုံးပျံလွှတ်တင်

နမ့်စန်မြို့နေ ပြည်သူများ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး မီးပုံးပျံလွှတ်တင်
ဖေဖော်ဝါရီ 28, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုင်းရင်းသားပြည်သူအများအပြား ပါဝင်ပြီး မြို့နယ်ခန်းမမှစ၍ မြို့အဝင်ဆိုင်းဘုတ်အထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်အပြီးတွင် မြို့နယ်ခန်းမတွင် We Want Democracy နှင့် Respect Our Votes စာတန်းပါသည့် မီးပုံးပျံကြီးတစ်လုံး နှင့်အတူ မီးပုံးငယ် အလုံး (၁၀၀)ကိုလည်း လွှတ်တင်ခဲ့ကြကြောင်း သိရသည်။

နမ့်စန်မြို့နေ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးကို နည်းမျိုးစုံဖြင့် ဖေဖော်ဝါရီလ၏ ပထမအပတ်ကတည်းကစ၍ ယနေ့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့အထိ အဆက်မပြတ်လုပ်ဆောင်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency