တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများ အခက်အခဲရှိပါက ဆက်သွယ်နိုင်သလို ပါဝင်လှူဒါန်းလိုသူများလည်း ဆက်သွယ်နိုင်

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများ အခက်အခဲရှိပါက ဆက်သွယ်နိုင်သလို ပါဝင်လှူဒါန်းလိုသူများလည်း ဆက်သွယ်နိုင်
ဖေဖော်ဝါရီ 27, 2021 | ရှမ်းရှေ့

စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကာ CDM(Civil Disobedience Movement)၌ ပါဝင်နေသော တာချီလိတ်မြို့မှ ဝန်ထမ်းများမှာ စုစုပေါင်း (၄၀၀)အထက်ရှိနေရာ စားသောက်နေထိုင်ရေးအတွက် အခက်အခဲရှိပါက အကူအညီတောင်းနိုင်သလို CDM ဝန်ထမ်းများအတွက် မိမိတို့ တတ်နိုင်သည့်ဘက်က ပါဝင်လှူဒါန်းလိုသူများအနေဖြင့်လည်း  ဆက်သွယ်နိုင်ကြောင်း Tachileik CDM Support အဖွဲ့ က အသိပေးထားသည်။

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများတွင် အင်အားအများဆုံးအနေဖြင့် ကျန်းမာရေး နှင့် ပညာရေးတို့ဖြစ်သည်။

တာချီလိတ်တွင်  CDM ဝန်ထမ်းများအား အခက်အခဲဖြစ်လာရင် ထောက်ပံ့ကူညီပေးနိုင်ရန်အတွက် တာချီလိတ်မြို့နေ ပြည်သူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသည့် Tachileik CDM Support အဖွဲ့က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် ကျန်းမာရေးဌာနမှ CDM လုပ်ဆောင်နေသည့် (၃၀၀)ကျော်အနက် (၆၈)ဦး နှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ (၁၉)ဦး စုစုပေါင်း (၈၇)ဦးအား တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း (၈၇)သိန်းအပြင် ဆန်ဆီ စသည့် စားနပ်ရိက္ခာများကိုလည်း ထောက်ပံ့လှူဒါန်းပေးထားကြောင်း သိရသည်။



အကူအညီတောင်းခံလိုသည်ဖြစ်စေ ပါဝင်လှူဒါန်းလိုသည်ဖြစ်စေ Tachileik CDM Suppor အဖွဲ့၏  မြန်မာဖုန်း - 09457223232,  09661471550 နှင့်  ထိုင်းဖုန်း - 0983388093 0804299028 , 0629211240  သို့ ဆက်သွယ်နိုင်သည့်အပြင် ၎င်းတို့၏ Facebook ( https://www.facebook.com/groups/863303677792710/ ) သို့လည်း ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency