တာချီလိတ်မြို့နေ လူငယ်များက  စစ်အာဏာရှင်ဆန့်ကျင်ရေး ရုပ်ပုံစာသားများ ဖျက်ခံရလေလေ များများပြန်ဆွဲလေလေ

တာချီလိတ်မြို့နေ လူငယ်များက  စစ်အာဏာရှင်ဆန့်ကျင်ရေး ရုပ်ပုံစာသားများ ဖျက်ခံရလေလေ များများပြန်ဆွဲလေလေ
ဖေဖော်ဝါရီ 23, 2021 | နိုင်ငံရေး| ရှမ်းရှေ့

တာချီလိတ်မြို့နေ လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး ရုပ်ပုံစာသားများကို လူအများမြင်သာသည့်နေရာများ၌ ပုံဖော်ထားရှိရာတွင် ဖျက်ခံရမှုများရှိသည့်အတွက် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံနက်အစောပိုင်းက ပုံအများအပြား ပြန်လည်ရေးဆွဲထားရှိသည်ကို တွေ့ရသည်။ 

ယနေ့ ဖေဖော်ဝါရီလ (၂၃)ရက်နေ့ နံနက်အစောပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပုံနှင့်စာသားများကို တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်ရှေ့၊ ဆေးရုံဟောင်းရှေ့ နှင့် အထက(တာချီလိတ်)ကျောင်းရှေ့တို့တွင် ပုံဖော်ထားသည်ကို တွေ့ရသည်။

 တာချီလိတ်မြို့မှ လူငယ်များသည် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှာမှုများတွင် နည်းလမ်းမျိုးစုံဖြင့် ပါဝင်လှုပ်ဆောင်နေသည်ကို တွေ့ရသည်။



Tachileik News Agency