ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် အလွှာပေါင်းစုံမှ ပြည်သူများ နည်းလမ်းမျိုးစုံဖြင့် ဆန္ဒဖေါ်ထုတ်နေ

စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ရေး ရန်ကုန်မြို့မှ လူငယ်များ၏ ဆန္ဒထုတ်ဖေါ်မှု

By Tachileik News Agency

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့် (၁၀) ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ရန်ကုန်မြို့မှ လူငယ်များ၊ ပညာရေးဌာန၊ ရုပ်ရှင်သရုပ်ဆောင်များအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူလူထုက ပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေကြသည်။

ရန်ကုန်မြို့မှ ဆန္ဒထုတ်ဖေါ်သူများသည် ဆူးလေ၊ လှည်းတန်းစသည့် ဆုံရပ်များအပါအဝင် နေရာအနှံံ့အပြားနှင့် ကုလသမဂ္ဂရုံး၊ အမေရိကန်သံရုံး၊ ဂျပန်သံရုံး၊ တရုတ်သံရုံး စသည့် သံရုံးများရှေ့တွင်လည်း ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။

 စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် မဲစာရင်းမှားနေသည်ဟုဆိုကာ နိုင်ငံတော်အာဏာကိုသိမ်းလိုက်ရာ စစ်အာဏာရှင်စနစ်ကို လက်မခံသည့် နိုင်ငံတစ်ဝန်းမှ ပြည်သူများက ငြိမ်းချမ်းသည့် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။