စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ သီတဂူဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များက သဘောထား ထုတ်ပြန်

စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ သီတဂူဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များက သဘောထား ထုတ်ပြန်
ဖေဖော်ဝါရီ 8, 2021 | နိုင်ငံရေး

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့် (၈)ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများရှိ သံဃာတော်များက တိုင်းသူပြည်သားများ နှလုံးစိတ်ဝမ်း မချမ်းမမြေ့ဖြစ်ကြရသည့် မည်သည့်ဆောင်ရွက်ချက်ကိုမှ လက်ခံသဘောတူမည်မဟုတ်ကြောင်း သဘောထားထုတ်ပြန်ကြေညာလာသည်။

စစ်တပ်က နိုင်ငံတော်အာဏာကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် သိမ်းဆည်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်အောက် ပြန်လည်ရောက်ရှိမည်ကို လက်မခံနိုင်သည့် နိုင်ငံတစ်ဝန်းမှ ပြည်သူလူထုက နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံရှိ ဘာသာပေါင်းစုံကလည်း သဘောထား ထုတ်ပြန်ချက်များကို ထုတ်ပြန်ထားခြင်းဖြစ်သည်။