တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရခြင်းကြောင့် နိုင်ငံအတွင်းရှိ ဘဏ်များအားလုံး ယာယီပိတ်

တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရခြင်းကြောင့် နိုင်ငံအတွင်းရှိ ဘဏ်များအားလုံး ယာယီပိတ်
ဖေဖော်ဝါရီ 1, 2021 | နိုင်ငံရေး

တပ်မတော်က အာဏာသိမ်းလိုက်ပြီး နိုင်ငံအား အရေးပေါ်တစ်နှစ် ကြေညာလိုက်ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဘဏ်များအား ယာယီပိတ်ကြောင်း မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်းက ကြေညာလိုက်သည်။

နိုင်ငံအတွင်း ဆက်သွယ်ရေးလိုင်းများ၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံရခြင်းကြောင့် ဘဏ်များအနေဖြင့် ငွေကြေးဝန်ဆောင်မှု ပေးနေသည့်စနစ်များ အဆင်မပြေသဖြင့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ယာယီပိတ်လိုက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ဘဏ်ဖွင့်ရက်ကို ပြန်လည်အသိပေးကြေညာမည်ဟု ထုတ်ပြန်ထားသည်။

ဘဏ်များယာယီပိတ်ထားခွင့်ကို မြန်မာနိုင်ငံဗဟိုဘဏ်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး ဆက်သွယ်ရေးလိုင်း၊ အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်ချိန်တွင် မြန်မာနိုင်ငံဗဟိုဘဏ်၏ လမ်းညွှန်ချက်ရယူပြီး ဘဏ်များအားလုံး တစ်ပြေးညီဖွင့်လှစ်သွားမည်ဖြစ်သည်ဟု သိရသည်။

Tachileik News Agenmcy