မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ သတင်းပေးအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားနေသူဟုဆိုသူ နိုင်လိုက်ဆီဆိုင်ပိုင်ရှင်သည် ကွမ်းယာဝယ်ယူနေစဉ် သေနတ်ဖြင့် (၅)ချက် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
စစ်ကောင်စီ၏ သတင်းပေးအဖြစ် နာမည်ကျော်နေသူဟုဆိုသည့် နိုင်လိုက်ဆီဆိုင်ပိုင်ရှင် ကိုထွန်းနိုင်ဆိုသူသည် ယနေ့ ၂၀၂၂ခုနှစ် ဧပြီလ(၂၄) နံနက်(၁၀)နာရီဝန်းကျင်အချိန်က ဆိုင်ကယ်ဖြင့် ဝမ်းတွင်းဈေး၏ မြောက်ဘက် ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်နေစဉ် သေနတ်ဖြင့် (၅)ချက် ပစ်ခတ်ခံရပြီး ဆိုင်ကယ်ပေါ်မှာပင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က ရှင်းလင်းသည်ကိုတော့ 𝗧𝗮𝗰𝗵𝗶𝗹𝗲𝗶𝗸 𝗡𝗲𝘄𝘀 𝗔𝗴𝗲𝗻𝗰𝘆 အတည်မပြုနိုင်သေးသော်လည်း အခင်းဖြစ်နေရာသို့ စစ်ကောင်စီတပ်၏ စရဖ နှင့် ရဲတို့က လာရောက် စစ်ဆေးမှုများ ပြုလုပ်ကြသည်ဟု သိရသည်။
#TachileikNewsAgency