လူမှုကွန်ယက်စာမျက်နှာပေါ်မှ အလုပ်ခေါ်စာအား ဝင်လျှောက်ရာက တပ်သားစုဆောင်းခြင်းခံရဟု အလင်းဝင်တပ်သားပြော

လူမှုကွန်ယက်စာမျက်နှာပေါ်မှ အလုပ်ခေါ်စာအား ဝင်လျှောက်ရာက တပ်သားစုဆောင်းခြင်းခံခဲ့ရကြောင်း မန္တလေးတိုင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံ အလင်းဝင်လာသည့် တပ်သားတစ်ကပြောသည်။

ယန္တရားမောင်းသင်တန်းတက်လိုသဖြင့် လူမှုကွန်ယက်စာမျက်နှာရှိ အလုပ်ခေါ်စာအား ဝင်လျှောက်ရာက စစ်အခြေခံသင်တန်းသို့ ပို့ဆောင်ခံရပြီးနောက် စစ်တပ်ထဲရောက်ရှိလာခြင်းဖြစ်သည်ဟု စစ်တွေအခြေစိုက် အမှတ်(၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်သား သက်ဇော်ဦးက ဆိုသည်။

၎င်းသည် သပိတ်ကျင်း၌ အခြေခံစစ်သင်တန်းကိုတက်ခဲ့ပြီးနောက် စစ်တွေမြို့ရှိ အမှတ်(၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ ပို့ဆောင်ခံခဲ့ရပြီး ယခုနှစ်တွင် ပြင်ဦးလွင်သို့ သင်တန်းလာတက်ရင်း ရှေ့တန်းသို့ ပါလာခြင်းဖြစ်သည်ဟု သိရသည်။

"ပထမဆုံးတစ်ခုကတော့ အွန်လိုင်းက အလုပ်ခေါ်စာပေါ့။ ဝန်ထမ်းခေါ်ပြီးတော့ လိမ်ညာတာပေါ့။ သင်တန်းတက်ရမယ် ဘတ်ဖိုးမောင်းရမယ်၊ ယန္တရားတွေမောင်းရမယ်၊ ကရိန်းတွေမောင်းရမယ်ပေါ့။ သင်တန်းဆင်းရင် အင်ဂျင်နီယာဖြစ်ပြီပေါ့။ အလုပ်ခေါ်စာပေါ့၊ ဝန်ထမ်းလျှောက်လွှာပေါ့ ဝန်ထမ်းခေါ်ပြီးမှ စစ်အခြေခံကျောင်းကို ပို့တာရှိတယ်။"ဟု ၎င်းကပြောသည်။

၎င်းသည် ဖေဖော်ဝါရီလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံသို့  MA-11 (1)လက် ၊ ကျည်ဘောက် (၇)ဘောက်၊ ကျည် (၂၅၀)တောင့်နှင့် ဆိုင်ကယ်တစ်စီးဖြင့် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Mandalay People’s Defence Force