မြောင်မြို့ရဲစခန်းနှင့် ချောင်းဦးမြို့နယ် နတ်ရေကန်ရဲ စခန်းတို့ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း မြောင်မြို့ရဲစခန်းနှင့် ချောင်းဦးမြို့နယ် နတ်ရေကန်ရဲ စခန်းတို့ကို တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်းထံမှ သိရသည်။

အဆိုပါရဲစခန်းကို ယင်းနေ့နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်အမှတ် (၄)တပ်ရင်း-MSPDF/MSDFနှင့်အတူ ညီနောင်မဟာမိတ်တပ်များက Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wing Droneများဖြင့် ဗုံးသီး(၄)လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများ အခြေနေထိုင်သော ချောင်းဦးမြို့နယ် နတ်ရေကန်တပ်စခန်းကိုလည်း ဒရုန်းဖြင့် ဗုံး(၄)လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း-MSPDF/MSDF၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း-NRDF၊ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း-မြေလတ် PDF၊ မုံရွာခရိုင်၊ အမှတ်(၁၂)တပ်ရင်း-တပ်ခွဲ(၂)၊ မိတ္ထီလာခရိုင် အမှတ်(၃)တပ်ရင်း၊ CHAUK PDF၊ မြောင်မြို့မတိုက်နယ် ပကဖ၊ ကလေးခရိုင် အမှတ်(၁၁) တပ်ရင်း၊  Justice Warrior Forces၊ ရွှေဘိုတိုက်နယ် ပကဖ၊ ရွှေဘိုတိုက်နယ်-၁ ပကဖ တို့က ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : MSPDF