ဝိုင်းမော်ရှိ စစ်ကောင်စီတပ်စခန်းကို ရိက္ခာလာပို့သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နာဖော့တောင် ပါဂျောင်ရှိ စစ်ကောင်စီတပ်စခန်းကို ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကို ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့ နံနက်(၁၁)နာရီခွဲကျော်တွင် KIA တပ်မဟာ(၂)က ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်မှာ ထိမှန်သွားပြီး မီးခိုးများထွက်ကာ နာဖော့်တောင်တွင် ပျက်ကျသွားသည်ဟု KIA တပ်မဟာ (၂)နှင့် နီးစပ်သူများက Tachileik News Agencyကို အတည်ပြုပြီး အသေးစိတ်အချက်အလက်ကိုမူ မသိရသေးပါ။

#TachileikNewsAgency