ကရင်နီပြည်၏အကြီးဆုံး သီရိမင်္ဂလာစျေး စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျကာ မီးလောင်ပျက်စီး

ကရင်နီပြည်နယ် လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်  သီရိမင်္ဂလာစျေး(တောင်စျေး) အတွင်းသို့ လက်နက်ကြီးကျကာ ဈေးတစ်ခုလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် ဈေးအတွင်းသို့ ကျရောက်ပေါက်ကွဲကာ တစ်စျေးလုံးမီးလောင် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

"စစ်ကောင်စီတပ်က မနက်(၁)နာရီခွဲကတည်းက လက်နက်ကြီးနဲ့ တချိန်လုံးပစ်နေတာ။ အဲဒီကတည်းကပဲ ဈေးထဲလက်နက်ကြီးကျပြီး မီးလောင်နေတာ။ အခုဆို ဈေးတစ်ခုလုံး အကုန်လုံးကုန်ပြီ။ အဲဒီဈေးကို ကရင်နီတပြည်လုံးက အားကိုးနေရတာ။ အကြီးဆုံးဈေးပါ။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

၎င်းဈေးတွင် ဆိုင်ခန်းပေါင်းထောင်ချီရှိနေပြီး လက်နက်ကြီးကျ၍ မီးလောင်ဆုံးရှုံးမှုကြောင့် ပစ္စည်းအားလုံး ဆုံးရှုံးသွားခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency

Video : Ye Naung Seven Colour