၁၀၂၇ စစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်လည်း ပါဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ်တပ်များ၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၏ တပ်ရင်းအမှတ် (၆၀၆)ကလည်း ပူးပေါင်း၍ စခန်းသိမ်းတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။ 

ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ဦးဆောင်၍ ပြီးခဲ့သည့် အောက်တိုဘာလ (၂၇)ရက်နေ့တွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးတွင် KNDF အနေဖြင့် ထောက်ခံကြိုဆိုပြီး လက်ရှိတွင်လည်း စစ်ဆင်ရေးများတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နေသည်ဟု KNDFက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

 

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီတပ်စခန်း (၉၀)ကျော်နှင့် မြို့(၄)မြို့ကို မဟာမိတ်တပ်များက ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : KNDF