ရေစကြိုထွေအုပ်ရုံးအတွင်းရှိ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ ဝင်ပစ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ထွေအုပ်ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ၂၀၂၃ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့ ညပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း Myingyan Black Tiger (MBT)ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ မိနစ်(၃၀)ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသည်ဟု ဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် ယနေ့စက်တင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ထင်းတန်းရပ်ကွက်အား စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းဝင်မည်ဖြစ်ကြောင်း သိရသည်။ 

၎င်းတိုက်ခိုက်မှုကို Myingyan Black Tiger(MBT)နှင့် N-YSO တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Myingyan Black Tiger (MBT)