မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချူပ်(နမခ) အရာရှိလိုင်းခန်းကို ၁၀၇မမ ဖြင့်ပစ်ခတ် 

စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီတပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချူပ်(နမခ) အရာရှိလိုင်းခန်းကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့က (၁၀၇)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၅)တပ်ရင်း - Aung San Forceထံမှ သိရသည်။ 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသော်လည်း အတည်မပြုနိုင်သေးကြောင်း မုံရွာခရိုင် အမှတ် (၅) တပ်ရင်း - Aung San Forceကဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၅) တပ်ရင်းနှင့် မုံရွာမြို့နယ်(ပကဖ)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ရဲဘော်များအနေဖြင့် ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

မုံရွာခရိုင် အမှတ်(၅)တပ်ရင်း - Aung San Forceသည် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် အရေးပေါ် လိုအပ်နေသော လက်နက်ခဲယမ်းများကို ပါဝင်ကူညီအားဖြည့်ပေးကြရန်နှင့်  ရန်သူ့တပ်စခန်းများရှိရာ နေရာများကို အတက်နိုင်ဆုံး ရှောင်ရှား သွားလာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency

Video : မုံရွာခရိုင် အမှတ် ၅ တပ်ရင်း A.S.F