မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDFတပ်များပစ်ခတ်

မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း စစ်ကောင်စီတပ်စွဲထားသည့် မြို့နယ်လျှပ်စစ်ရုံး(EPC)နှင့် ကျပ်ပြင်ရဲစခန်းတို့ကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၆)ရက်‌နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Red Wolves Of Mogokထံမှ သိရသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် EPCရုံး၊ အနောက်ဘက်တောအုပ်၊ ကျပ်ပြင်ရဲစခန်းနှင့် ရွှေမြင်ဝင်းကျောင်းရှိ ဘန်ကာတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၁၂၂၁)(Red Wolves Of Mogok)နှင့် တပ်ရင်း(၁၂၂၃)တို့ ပူပေါင်း၍ နံနက်(၁၀)နာရီမှ (၁၀)နာရီခွဲအထိ တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်၊ စက်လက်၊ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးပါ။

#TachileikNewsAgency

Video :Red Wolves Of Mogok