ကျွန်းစုမြို့နယ်ရှိ ပျူစောထီးများပိုင်ဆိုင်သည့် ခဲမိုင်းလုပ်ကွက်ကို ပကဖ ဖျက်သိမ်း

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးများ ပိုင်ဆိုင်သော ခဲမိုင်းလုပ်ကွက်ကို ၂၀၂၃ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သွားရောက်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ပျူစောထီး ခေါင်းဆောင် ကြည်းလှ နှင့် ပျူစောထီး စိုးမင်း ပိုင်ဆိုင်သော ယမုံကျေးရွာရှိ ခဲမိုင်းလုပ်ကွက်သည် ပြည်သူပိုင်ဆိုင်သော မြေများကို မတရားသဖြင့်သိမ်းဆည်းပြီး တရားမဝင် ခဲမိုင်းပြုလုပ်နေသဖြင့် သွားရောက်ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အနေဖြင့် ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ဆက်နွယ်နေသာ ထောက်တိုင်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ယနေ့ စက်တင်ဘာလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video : ကျွန်းစုမြို့နယ် ပကဖ